NCA ပွဲတက်လာသောတရုတ်နိုင်ငံခြားရေးဌာနနှင့်ထာဝရငြိမ်း ချမ်းရေးကိစ္စများအပြင်နယ်စပ်ကိစ္စ၊အွန်လိုင်းလောင်းကစားကိစ္စများကိုပါဆွေးနွေး

0
239

နစက ဥက္ကဋ္ဌနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ ခိုင်မာလေးနက်တရားဝင်မှုရှိသည့် NCA လမ်းကြောင်းပေါ်လျှောက်လှမ်းပြီး ထာဝရငြိမ်း ချမ်းရေးတည်ဆောက်ကြရန် တိုက်တွန်းဆောင်ရွက်လျက်ရှိခြင်းကို ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်ခဲ့သည့် Mr. Deng Xijun အား အောက်တိုဘာ ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ်က NCA (၈)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ခမ်းနားထည်ဝါစွာအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့၍ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နိုင်ငံ တော်အစိုးရနှင့်တပ်မတော်မှ NCA လမ်းကြောင်းပေါ်မှခိုင်မာစွာရပ်တည်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာရပ် တည်ထောက်ခံလျက်ရှိကာ နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်ခံမှုမရှိသည့်အခြေအ နေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်နယ် စပ်ဒေသတည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည့်အခြေအနေ၊မြန်မာနိုင်ငံနယ်စပ်ဒေသများတွင်အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် လုပ်ဆောင်ချက်များကိုလက်သင့်ခံမှုမရှိသည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် NCA စာချုပ်ကဲ့သို့ခိုင်မာမှု၊တရားဝင်မှုရှိသည့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ကတိကဝတ်များဖြင့်သာဆောင်ရွက်ခဲ့ကြမှုနှင့် ခိုင်မာလေးနက်တရားဝင်မှုရှိသည့် NCA လမ်း ကြောင်းပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်ကြရန်တိုက်တွန်းဆောင်ရွက် လျက်ရှိမှု၊တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုအပေါ် ခိုင် မာစွာရပ်တည်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အွန်လိုင်းလောင်းကစားမှုများနှင့်အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရေး၊နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရေး၊ရခိုင် ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here