ပါလက်စတိုင်းဘက်မှသေဆုံးသူ ၂,၃၂၉ ဦးအထိရှိလာပြီဖြစ်

0
231

အန်ကာရာ၊အောက်တိုဘာ ၁၅

အစ္စရေး – ပါလက်စတိုင်းအရေးတွင် ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေး၏လေကြောင်းဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်၌ သေဆုံးသူ ၂,၃၂၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူဦးရေလည်း ၉,၀၄၂ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်စနေနေ့က ပါလက်စတိုင်းကအစ္စရေးနိုင်ငံတွင်းသို့ ေရာ့ကက်အလုံးရေ ၃,၀၀၀ ကျော်ပစ်ခတ်ကာစတင်တိုက်ခတ်ခဲ့ပြီး အစ္စရေးပိုင်နက်အတွင်းသို့ ကုန်းကြောင်း၊ရေကြောင်းနှင့်လေကြောင်းများဖြင့်ပါထိုးဖောက်ဝင်ရောက်လာသဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများမြင့်တက်လာခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်ကမူ ယခုစစ်ဆင်ရေးသည် အရှေ့ဂျေရုဆလင်ရှိ Al – Aqsa ဗလီသို့ဝင်ရောက်စီးနင်းမှုနှင့် အစ္စရေးလူမျိုးများ၏ ပါလက်စတိုင်းပြည်သူများအပေါ် အကြမ်းဖက်မှုများအပေါ်လက်တုံ့ပြန်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အစ္စရေးကလည်း သံဓါးများစစ်ဆင်ရေး အမည်ဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွအဖွဲ့အားပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏တို့က ဂါဇာကမ်းမြောင်ဒေသသို့ ရေနှင့်လျှပ်စစ်ကိုလည်းဖြတ်တောက်ခဲ့ပြီး ဂါဇာမြောက်ပိုင်းရှိပြည်သူတစ်သန်းကျော်ကိုလည်း တောင်ပိုင်းသို့ ၂၄ နာရီအတွင်းအရေးပေါ်ရွှေ့ပြောင်းရန်လည်းညွှန်ကြားခဲ့သည်။

တစ်ဖက်၌လည်း အစ္စရေးလူမျိုးများ၏သေဆုံးနှုန်းသည် ၁,၃၀၀ အထိရှိလာပြီး ဒဏ်ရာရရှိသူအရေအတွက်ပေါင်း ၃,၄၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်းသိရှိရသည်။

Source : Anadolu Agency


LEAVE A REPLY

Please enter your comment!
Please enter your name here