ယခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပဲခူးနှင့် လှည်းကူးမြို့တို့တွင် အမျိုးသား ၂ ဦး ရေန-စ်‌ေ သ-ဆုံးခဲ့ရ

0
273

ယခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပဲခူးမြို့နှင့် လှည်းကူးမြို့တို့တွင် အမျိုးသား ၂ ဦး ရေထဲမျောပါကာ ရေန-စ်‌ေ သ-ဆုံးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးသမားများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် စခန်းကြီးပန်းခြံ၊ ရွှေပန်းခြံရပ်ကွက်၌ နေထိုင်သော လူငယ် အမျိုးသား တစ်ဦး ရေန-စ်‌ေ သ-ဆုံးခဲ့ရကြောင်း လှည်းကူးမြို့ ဒေသခံ တစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း အချို့နေရာများတွင် ရေပြန်လည်ကျဆင်းခဲ့သော်လည်း အချို့သော အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုရှိနေသေးကြောင်း သိရသည်။

“စိတ်မကောင်းစရာ ကူညီမှု ပဲခူးရေဘေး ရင်ထဲမှ ထိရှအလွယ်ဆုံးပုံ ရေန-စ်‌ေ သ-ဆုံး ပုပ်ပွမှ ပြန်ပေါ်လာသော အသက် (၂၀)ခန့် အမျိုးသား အလောင်းတွေ့ရှိရတယ်။”ဟု လူမှုကူညီရေးအဖွဲ့များက လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်းများတွင် ကူညီစောင့်ရှောက်ပေးထားရကြောင်း ဒေသခံ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း ကိုအိနု (Koinu)ကြောင့် မြန်မာနိုင်ငံ အနှံအပြား မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ရာ ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ ကျော် အတွင်း စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးမြို့အပါဝင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ လှည်းကူး၊ မှော်ဘီမြို့တို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေရာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကူညီပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here