UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဥ်ပြိုင်မည့် သက်ထားသူဇာ

0
230

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် UAE တွင် ကျင်းပမည့် ABU DHABI MASTERS 2023 တွင်၀င်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို UAE နိုင်ငံ၏မြို့တော် အဘူဒါဘီမြို့တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရည်စစ်အဆင့်မှ အောင်မြင်လာမည့် သူတစ်ဦးနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်ထားသော အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ ကမ္ဘာ့အဆင့်မှာ (၄၅) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။

သက်ထားသူဇာသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် ပြိုင်ပွဲအပြီး အသေးစားဒဏ်ရာကြောင့် အနားယူပြီးနောက်ပိုင်း ပြန်လည်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here