ဂါဇာ၌သောက်သုံးရေပြတ်လပ်လုနီးဖြစ်နေသဖြင့် ဒေသခံများအခက်အခဲဖြစ်နေ

0
289

ရာဖာ၊အောက်တိုဘာ ၁၆

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ထားမှုကြောင့် ရိက္ခာ၊ရေနှင့်လျှပ်စစ်မီးများပြတ်တောက်လုနီးဖြစ်နေပြီး ဒေသခံများအခက်အခဲတွေ့နေရကြောင်းသိရသည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့သည် ပြီးခဲ့သည့်စနေနေ့ကစ၍ ပါလက်စတိုင်းက ဒုံးပျံ ၃,၀၀၀ ကျော်ဖြင့်စတင်ပစ်ခတ်မှုကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်ကမူ ဂါဇာမြောက်ပိုင်းဒေသရှိဒေသခံပြည်သူများအား တောင်ပိုင်းသို့ ၂၄ နာရီအတွင်း အရေးပေါ်ရွှေ့ပြောင်းရန်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သဖြင့် တောင်ပိုင်း၌လူဦးရေထူထပ်နေသည့်အပြင် အစ္စရေးကအကူအညီများအဝင်မခံသဖြင့်လည်း ဒေသခံများဒုက္ခရောက်နေရသည်ဟုသိရသည်။

ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရ ဂါဇာ၌ လူပေါင်းတစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အစ္စရေး၏ လေကြောင်း မှ ဗုံးကြဲမှုကြောင့် ပါလက်စတိုင်းဘက်မှ လူဦးရေထောင်ချီ‌ေ-သဆုံးခဲ့ပြီးအများစုမှာ သာမန်အရပ်သားများသာဖြစ်ကြသည်ဟုသိရသည်။

အစ္စရေး၏ပိတ်ဆို့မှုကြောင့် ပါလက်စတိုင်းပြည်သူများအတွက် အစားအစာ၊ရေနှင့်လျှပ်စစ်ဓာတ်အားများပြတ်တောက်လျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူများသည် ရေရှားပါးနေသဖြင့် ချိုးရေမရှိဘဲနေနေကြရကာ သောက်သုံးရေပင်ပြတ်လပ်လုနီးဖြစ်နေသဖြင့် ကုလသမဂ္ဂမှလူသားချင်းစာနာထောက်ထားသည့်အနေဖြင့် အကူအညီများဝင်ရောက်ခွင့်ပေးရန်အစ္စရေးအားတောင်းဆိုထားသည်။

သို့သော်အစ္စရေးကမူ ဓ-ားစာခံများအား ပြန်မလွှတ်ပေးပါက ပါလက်စတိုင်းတို့အတွက်လည်း မည်သည့်လူသားချင်းစာနာထောက်ထားမှုကိုမှရရန်မရှိကြောင်း ပြတ်ပြတ်သားသားပြောကြားထားသည်။ ပိတ်ဆို့ထားမှုကြောင့် ပြတ်လပ်နေသည့်အထဲတွင် ရေသည်အဓိကဖြစ်ကြောင်းလည်း စစ်ဘေးရှောင်ပြည်သူများကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here