Zagorskaya PSPP သည် Pump Storage Type ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထား

0
224

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအား မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းမှ အောက်တိုဘာ (၁၃) ရက်က မော်စကိုမြို့အနီးရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာစဥ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးမှ စက်ရုံအတွင်းရှိ Water Intake ၊ Observation Deck ၊ ၅၀၀ ကေဗွီ Switchyard ၊ ဓာတ်အားပေးစက်ရုံထိန်းသိမ်းမောင်းနှင်နေသည့်ဝင်းအတွင်းရှိ ဓာတ်အားပေးစက်များနှင့် Control Room တို့ကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက် RusHydro ၏ Chief Expert of International Cooperation Department မှ Mr. Tatiana Ivankina မှ ရုရှားနှင့် နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက် လိုအပ်သော တာဘိုင်ဂျနရေတာများ ထုတ်လုပ်နေခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန် နည်းပညာကူညီဆောင်ရွက်ခြင်း၊ဒီဇိုင်းရေးဆွဲပေးခြင်း၊ တည်ဆောက်ရေး နည်းပညာများဖြန့်ဖြူးခြင်း၊ လူအင်အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့်ရေအရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရန် နည်းပညာအရ ဆောင်ရွက်ပေးခြင်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် ROSATOM မှ Project Manager Mr. Satin IIya မှလည်း အသေးစားရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုကာ လက်ရှိဆောင်ရွက်နေသည့် 1200MW Pump Storage ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံလည်ပတ်နေမှုကို လေ့လာတွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိကာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မော်စကိုမြို့အနီးတွင်တည်ရှိပြီး ကုညာမြစ်အား ရေတံခါးထိန်းကိရိယာများဖြင့် အဖွင့်အပိတ်ဆောင်ရွက်၍ ရေထိန်းဧရိယာ 22.4 Million Cubic Meter (၁၈၁၆၀ ဧကပေ)ရှိကာ 1200 MW ကို နေ့စဉ်အမြင့်ဆုံးသုံးစွဲသည့်အချိန် (၄) နာရီခန့်မောင်းနှင်ပြီး ညအချိန်တွင်နေ့လည်၌ သုံးစွဲလည်ပတ်မောင်းနှင်ထားသော ရေများကို Pump များဖြင့် ၁၀၀ မီတာအမြင့်ရှိ ရေထိန်းကန် အတွင်းသို့ ပြန်လည်မောင်းနှင်ကာ အကျိုးရှိစွာအသုံးချဆောင်ရွက်လျက်ရှိသော Pump Storage Type ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here