သီတင်းကျွတ် ရုံးပိတ်ရက် ရန်ကုန် – နေပြည်တော်၊ ရန်ကုန် – ပြည် လေအိတ် အထူးရထား ခရီးစဉ်တချို့ပြေးဆွဲမည်

0
361

သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ရန်ကုန် – နေပြည် တော်၊ ရန်ကုန်-ပြည် အထူးရထား ခရီးစဉ်တချို့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

ထိုသို့ပြေးဆွဲပေးရာတွင် အထူးရထားခရီးစဉ်များအဖြစ် အောက်တိုဘာ (၂၇)ရက်တွင် နေပြည်တော်-ရန်ကုန် အစုန် အထူးလေအိတ်ရထား၊ ရန်ကုန်-ပြည် အဆန် အထူးလေအိတ်ရထားများ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ (၃၀) ရက်တွင် ရန်ကုန် – နေပြည် တော် အဆန်အထူး လေအိတ်ရထားနှင့် ပြည်-ရန်ကုန် အစုန် အထူးလေအိတ်ရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြော င်း သိရသည်။

ရထားထွက်ခွာမည့် အချိန်စာရင်းများ လက်မှတ်များကို သ က်ဆိုင်ရာ ရထားဘူတာများတွင် စုံစမ်းဝယ်ယူ နိုင်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here