ဗိုလ်ချုပ်ကြီးမြထွန်းဦး တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံထွက်ခွာ

0
163

နစက ဒု-ဝန်ကြီးချုပ်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းက တရုတ်နိုင်ငံ၊ပေကျင်းမြို့သို့ ရန်ကုန်လေ ဆိပ်မှတဆင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြု ပြင်ပြောင်းလဲရေးကော်မရှင်၏ ဖိတ်ကြားမှုအရ အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပေကျင်းမြို့၌ကျင်းပမည့် တတိယအကြိမ်ရပ်ဝန်းနှင့်ပိုးလမ်းမအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဖိုရမ်တက်ရောက်ရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အတူ ပြည်ထောင်စုအ စိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးဦးရင်မောင်ညွန့်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း ၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှတာဝန်ရှိသူများနှင့်ဝန် ကြီးဌာနမှတာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ ပို့ ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here