သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်-မြစ်ကြီးနားသွားကားလမ်း၌ မိုင်း ၂ လုံးပေါက်ကွဲ တွဲကားတစ်စီးအားထိမှန်၍ ယာဥ်နောက်လိုက်‌ေ-သဆုံး

0
360

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ရှိ မန္တလေး -ဗန်းမော်-မြစ်ကြီးနားသွားကားလမ်းပေါ်တွင် အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က သပိတ်ကျင်းမြို့ နယ်ရှိ မန္တလေး-ဗန်းမော်-မြစ်ကြီးနားသွားကားလမ်း၏ ပေါက်တပင်ကျေးရွာနှင့်ရွှေကျွန်းပင်ကျေးရွာကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ မန္တလေးဘက်မှမြစ်ကြီးနားဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီးတွဲကားအားထိမှန်ခဲ့ကြောင်း သိရသည်။

မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် ၂၂ ဘီးတွဲကား၏ အသက်(၂၀)နှစ်ခန့်ရှိ ယာဥ်နောက်လိုက်ဖြစ်သူမှာ မိုင်းစဖောက်ဝင်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး တွဲကားတွင်လည်း ရှေ့ဘီးပွင့်ထွက်၊ဆီတိုင်ကီပေါက်သွားခဲ့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ‌ေ-သဆုံးသူ၏ရုပ်အလောင်းအား အခင်း ဖြစ်စဥ်အားလာရောက်စစ်ဆေးသည့် လုံခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here