မော်လမြိုင်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦးထံမှ လက်နက်များနှင့်မူးယစ်ဆေးဝါးများဖမ်းမိ

0
234

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊လေဆိပ်အနီးတွင် အောက်တိုဘာ ၁၆ ရက်နေ့လည်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦးထံမှ လက်နက်များနှင့်မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့နေ့လည် ၃ နာရီခွဲခန့်က မော်လမြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊လေဆိပ်အနီးရှိ ဗုဒ္ဓဝင်လမ်းမနှင့်ဒေါနလမ်းဆုံတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်စဥ် ဗုဒ္ဓဝင်လမ်းမကြီးအတိုင်း လေဆိပ်ဘက်သို့ ကျိုက်မရောမြို့နယ်နေ မင်းပြည့်ဖြိုးဟန်(ခ)ပြည့်ဖြိုးဟန် (ခ)သားကြီး(၂၄)နှစ်မောင်းကာ မော်လမြိုင်မြို့နေ လွင်မိုး(၂၆)နှစ်လိုက်လာသည့် Honda 125 Wave i ဆိုင်ကယ်အားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ SIG SAUER အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉ မမကျည် ၆ တောင့်၊ ၃၈ ကျည် ၆ တောင့်၊ဆေးခြောက်ဟုယူဆရသော အရိုးအရွက်ရောရာ(၀ ဒဿမ ၅ ဂရမ်)ခန့်နှင့် K အမှုန့် (၀ ဒဿမ ၅ ဂရမ်)ခန့်၊မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဖန်ပြွန်ဗူး ၁ ခု၊ဆေးခြောက်ရှုရာတွင်အသုံးပြုသည့် လက်လှည့်သတ္ထုဗူး ၁ ဗူးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်နက်၊မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်းမှ သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့်အရေးယူနိုင်ရန် အမှုဖွင့်၍စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here