အစ္စရေးနှင့်ဂါဇာရှိ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စင်္ကာပူကြက်ခြေနီအသင်းက ကန်ဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းမည်

0
176

စင်္ကာပူ၊အောက်တိုဘာ ၁၆

အစ္စရေးနှင့်ဂါဇာ၌ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်နိုင်ရန်အတွက် စင်္ကာပူကြက်‌ခြေနီအသင်းကအမေရိ ကန်ဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် အစ္စရေးနှင့်ပါလက်စတိုင်းနှစ်ဖက်လုံးသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

၎င်းတို့အပြင် လူထုဆီမှ အလှူငွေကောက်ခံမှုလည်းပြုလုပ်သွားမည်ဖြစ်ကာ အလှူငွေကောက်ခံခြင်းအစီအစဉ်အား တနင်္လာနေ့ကစတင်ခဲ့ပြီး လာမည့်နှစ်ဇန်နဝါရီလအထိအလှူငွေများကိုလက်ခံသွားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

ဆက်လက်၍ ဆေးဝါးအထောက်အပံ့ပစ္စည်းများ၊ရေနှင့်လျှပ်စစ်ဓာတ်အားထောက်ပံ့ရေးစနစ်များကိုမထိခိုက်စေရန်လည်းတောင်းဆိုခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော အစ္စ‌ရေး – ပါလက်စတိုင်းပဋိပက္ခသည် ပြီးခဲ့သည့်စနေနေ့က ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်၏စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားထောင်ချီ‌ေ-သဆုံးရာမှစတင်ခဲ့ပြီး အစ္စရေး၏လေကြောင်းဖြင့်တုံ့ပြန်တိုက်ခိုက်မှုကြောင့်လည်း ဂါဇာဒေသခံနှစ်ထောင်ကျော်‌ေ-သဆုံးခဲ့ပြီဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here