ဂျပန်နိုင်ငံမှ မြန်မာလုပ်သား (၈၀၀) ကျော်ခေါ်ယူမည်

0
217

ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်မှ မြန်မာအလုပ်သမားဦးရေ (၈၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ဂျပန်ကုမ္ပဏီများမှ ကမ်းလှမ်းထားသည့် အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် အမျိုးသား ၃၀၀ ကျော်၊ အမျိုးသမီး ၅၀၀ ခန့် ခေါ်ယူသွားမည်ဖြစ်ပြီး ယင်းအလုပ်‌ခေါ်စာများအတွက်အောက်တိုဘာလ (၃)ရက်မှ (၁၆)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် စာရင်းများဖြစ်ကြောင်း ကြေငြာချက်အရ သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး ယင်း စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလအလွန်တွင် ဂျပန်၊ ထိုင်း၊ ကိုရီးယား နိုင်ငံတို့မှ မြန်မာ လုပ်သားခေါ်ယူမှုများ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက်လုပ်ကိုင်သူများရှိသလို တရားမဝင်သွားရောက်လုပ်‌ကိုင်သူများလည်းရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here