သီပေါမြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မိကာ ဆိုင်ကယ်မောင်းသူ‌ေ-သဆုံးခဲ့

0
205

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် အောက်တိုဘာ (၁၇) ရက် နံနက် (၁၀) နာရီကျော်ခန့်က ဆိုင်ကယ်နှင့်ကားတိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ ‌ေ-သဆုံးခဲ့ရကြောင်း ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်း(နမ့်လန်)မှ သိရသည်။

“ဆိုင်ကယ်နဲ့ ကားတိုက်မိတာက နမ့်လန်-မန်လီကားလမ်းရဲ့ ခိုဟတ်ကျေးရွာအကျော်လေးမှာပါ။ ဆိုင်ကယ်မောင်းလာတဲ့လူက တိုက်မိတဲ့နေရာမှာပဲ ဒဏ်ရာတွေရပြီး‌ေ-သဆုံးသွားပါတယ်။ တာဝန်ရှိတဲ့ လူတွေလာပြီး စစ်ဆေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ‌ေ-သဆုံးသွားသည့် ဆိုင်ကယ်မောင်းသူ၏ ရုပ်အလောင်းအား ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်း(နမ့်လန်)မှ တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးနောက် မန်လီသုသာန်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဖြူစင်နှလုံးသားအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here