မကာအိုကို နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရပြီး မြန်မာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်သို့တက်ရောက်

0
284

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မကာအိုကို နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။

မြန်မာအသင်းနှင့် မကာအို အသင်းတို့သည် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယနေ့ အောက်တိုဘာလ (၁၇)ရက်၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီတွင် Macau Olympic Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ပထမ အကျော့အဖြစ် အောက်တိုဘာ ၁၂ ရက် က မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရထားသည့်အတွက် နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် မြန်မာအသင်း အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်သွားခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here