ကိုရီးယားသို့ ပထမဆုံး အမျိုးသမီးလုပ်သားစေလွှတ်မည်

0
359

ယခု အောက်တိုဘာလအတွင်း ကိုရီးယားသို့ ရာသီလုပ်သားစေလွှတ်သွားမည်ဖြစ်ပြီး ယင်းတွင် ပထမဆုံး အမျိုးသမီး ရာသီလုပ်သားများလည်း ပါဝင်မည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

အဆိုပါ ရာသီလုပ်သားများ တရားဝင်စေလွှတ်ရန် နှစ်နိုင်ငံသဘောတူညီမှုရရှိထားပြီးဖြစ်ပြီး မိန်းကလေးများကို  ဦးစားပေးခေါ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ရာသီလုပ်သား လုပ်ကိုင်ရန်အတွက် ခေါ်ယူသည့် လုပ်ငန်းအမျိုးအစားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

“ဒါပထမ ဦးဆုံးစမ်းပြီး စေလွှတ်တဲ့သဘောပါ။ ပထမဦးဆုံး သွားရောက် အလုပ်လုပ်ကိုင်သူတွေအတွက် E8 ဗီဇာ အမျိုးအစားကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါက ရှစ်လ အလုပ်လုပ်၊ သုံးလနားစနစ်နဲ့ပေါ့။ ရှစ်လအလုပ်လုပ်ပြီးလို့ အိမ်မပြန်ရင် overstay နဲ့ အရေးယူသွားမယ်။ ဗီဇာပိတ်သိမ်းမယ်”ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ကိုရီးယားလူမျိုးများ ကိုယ်တိုင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး အင်တာဗျူး အောင်မြင်ပါက သတ်မှတ်ထားသော ဆေးခန်းများတွင် ဆေးစစ်ခြင်း၊မျက်စိနှင့် အခြားသော စစ်ဆေး မှုများဖြစ်သည့် တွန်းလှည်းတွန်းခြင်း၊ လက်ညှစ်စေခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here