ဂျပန်ပင်လယ်စာတင်ပို့မှု ရုရှားရပ်ဆိုင်း

0
172

မော်စကို၊အောက်တိုဘာ ၁၆

ရုရှားအနေဖြင့် ဂျပန်၏ပင်လယ်စာတင်ပို့မှုအား တရုတ်ကဲ့သို့ပင်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှားစိုက်ပျိုးရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။

ဂျပန်သည် ဆူနာမီဘေးသင့် ဖူကူရှီးမားနျူစက်ရုံမှရေဆိုးများကို ဩဂုတ်လမှစ၍ စတင်စွန့်ထုတ်ခဲ့ရာ ပြည်တွင်းပြည်ပကန့်ကွက်မှုများရှိခဲ့သော်လည်း ဂျပန်အစိုးရကမူ ၎င်းရေဆိုးများသည် အဏ္ဏဝါဗေဒစနစ်အတွက်ထိခိုက်မှုမရှိနိုင်ကြောင်းပြောကြားခဲ့သည်။ သို့သော်တရုတ်က ဂျပန်၏ရေထွက်ပစ္စည်းများတင်ပို့မှုကိုရပ်ဆိုင်းခဲ့သည်။ ယခုအခါ ရုရှားကပါထပ်မံရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ရုရှားကမူ ၎င်းတို့၏ဂျပန်ပင်လယ်စာတင်သွင်းမှုရပ်ဆိုင်းခြင်းသည် ကြိုတင်ကာကွယ်မှုတစ်ရပ်သာဖြစ်ပြီး အဆိုပါရေထွက်ပစ္စည်းများ ဘေးကင်းကြောင်းခိုင်လုံ သော သက်သေမရသရွေ့ ဆက် လက် ပိတ်ပင် သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဂျပန်နိုင်ငံ၏စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကမူ ရုရှား၏ယခု ကဲ့သို့ တားမြစ်မှုသည် သိပ္ပံနည်းကျစစ်ဆေးထားခြင်းမျိုးမရှိသဖြင့် တရားမျှတမှုမရှိသကဲ့သို့ ထိုသို့ ပိတ်လိုက်ခြင်းကိုလည်း ဝမ်းနည်းဖွယ်ရာမရှိကြောင်းပြောကြားခဲ့သည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ရေထွက်ပစ္စည်များအား နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ပြန်လည်စစ်ဆေးသုံးသပ်နေစဉ် ရုရှားသို့ သိပ္ပံနည်းကျစစ်ဆေးထားသည့် အချက်အလက်များအား  ပွင့်လင်းမြင်သားမှုရှိရှိ ယုံကြည်မှုအပြည့်အဝဖြင့်ပေးပို့သွားဉီးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဂျပန်ရေထွက်ပစ္စွည်းများ သည် ဘေးကင်းကြောင်း ရေဒီယိုသတ္တိကြွဓာတ်နှင့် ထရီတီယမ်ဓာတ်ကင်းရှင်းကြောင်း ဂျပန်အစိုးရ၏ သိပ္ပံနည်းကျ စစ်ဆေးထားသည့် အချက်အလက်များကို ပေးပို့သက်သေပြပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။

ဂျပန်သည် တရုတ်နှင့် တောင်ကိုရီးယားကဲ့သို့ပင် ရုရှားပင်လယ်စာအတွက် အကြီးကျယ်ဆုံး တင်ပို့သည့်ဈေးကွက်တစ်ခုလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here