တရုတ်သမ္မတရှီထံ သမ္မတပူတင် သွားရောက်လည်ပတ်

0
276

ပေကျင်း ၊ အောက်တိုဘာ ၁၇

ယူကရိန်းနှင့်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်ကြားမှပင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မှုအား ပြသသည့်အနေဖြင့် တရုတ်သမ္မတရှီနှင့် တွေ့ဆုံရန် ရုရှား သမ္မတပူတင် သည် အောက်တိုဘာလ ၁၇ ရက်တွင် ပေကျင်းသို့  ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာရာဇ၀တ်တရားရုံးက သမ္မတပူတင်အား မတ်လတွင် ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပြီးနောက် ယခု ပေကျင်းခရီးစဉ်သည် သမ္မတပူတင်၏ ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

သမ္မတရှီနှင့် သမ္မတပူတင်တို့သည် နိုင်ငံတကာ ရာဇ၀တ်တရားရုံးက သမ္မတပူတင်အား ဖမ်း၀ရမ်းမထုတ်မီ ရက်ပိုင်းအလိုတွင် နောက်ဆုံးတွေ့ဆုံခဲ့ကြသည်။ တရုတ်သမ္မတရှီက ယင်းသို့တွေ့ဆုံချိန်တွင် တရုတ်ခေါင်းဆောင်များ ၏ ရပ်ဝန်းနှင့် လမ်းမ စီမံကိန်း ၏ ဆွေးနွေးပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ဆွေးနွေးပွဲကျင်းပမည့် ဗုဒ္ဓဟူးနေ့တွင် သမ္မတရှိီ က အဖွင့်အမှာစကားပြေားကြားပြီးနောက် သမ္မတပူတင်လည်း အမှာစကားပြောကြားမည်ဖြစ်ကြောင်း သိရှိရပြီး ဖိုရမ်အပြီး၌ ၎င်းတို့နှစ်ဉီးသည် သီးသန့်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ပေကျင်းသည် ရုရှားအနေဖြင့် ယူကရိန်းစစ်အား ရပ်တန့်မည်မဟုတ်သည်ကို သိသော်လည်း ၎င်းတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာ စံသတ်မှတ်ချက်များကို ချိုးဖောက်ခြင်းမရှိသည့်အတွက် ပေကျင်း အနေဖြင့် ၎င်းဆန္ဒရှိသည့်အတိုင်း ရွေးချယ်ဆုံးဖြတ်ကာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်သည်ဟု ပြောကြားခဲ့ ပြီး ပေကျင်းနှင့်မော်စကို ပူးပေါင်းဆောင်ရွက်မှုအား ဝေဖန်ရှုံ့ချခဲ့သည့် အနောက်အုပ်စု၏ဝေဖန်မှုကိုလည်း ပယ်ချခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here