ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်

0
201

၂၀၂၃ ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၊ဆေးတက္ကသိုလ်များအတွက် ဝင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်းအသိပေးထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်မှထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသော သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ တို့မှ ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် ကျောင်းသား၊ကျောင်းသူများလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ကျောင်းသူများသည် သတ်မှတ်ထားသည့်ဒေသများတွင် အခြေခံပညာ(၈ တန်း၊ ၉ တန်း၊ ၁၀ တန်း)တို့ကို ဆက်တိုက်ပညာသင်ကြားခဲ့သူများဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာ၌ လျှောက်လွှာများကို နိုဝင်ဘာ ၁၆ ရက်နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ရမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန Website www.moh.gov.mm နှင့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here