ညောင်ရွှေမှတပ်ကုန်းသို့သယ်လာသည့် ငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ အား သာစည်မြို့နယ်တွင်ဖမ်းမိ

0
117

မန္တလေးတိုင်း၊သာစည်မြို့နယ်တွင် ညောင်ရွှေမြို့ နယ်မှတပ်ကုန်းမြို့နယ်သို့ အိမ်စီးကားဖြင့်သယ်လာသည့် ငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ အား အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၇ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးဘက်မှသာစည်ဘက်သို့ တင်မောင်မောင်းလာသည့် CELSIOR ကားကိုတားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်၌ ညောင်ရွှေမြို့နယ်မှတပ်ကုန်းမြို့နယ်သို့သယ်လာသည့် ငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဘိန်းဖြူဘလောက်တုံးများနှင့်အတူ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here