က-လေးချီကာ လမ်းလျှောက်လာသည့် အမျိုးသမီးအား ဆိုင်ကယ်မှ ဝင်တိုက်မိခဲ့မှု မကွေးမြို့တွင် ဖြစ်ပွား

0
112

မကွေးတိုင်း၊ မကွေးမြို့တွင် က-လေးချီကာ လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအား ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့မှု ယနေ့ အောက်တိုဘာ (၁၈) ရက် မွန်းတည့် (၁၂) နာရီ (၂၀) မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“မကွေးမြို့က အ.ထ.က(၁)လမ်းနဲ့ အဝေရာလမ်းထောင့်မှာ လမ်းလျှောက်လာတဲ့ အမျိုးသမီးကို ဝင်တိုက်မိတာ။ ဆိုင်ကယ်လည်းမှောက်သွားတယ်။ တိုက်ခံရတဲ့အမျိုးသမီးက တင်ပဆုံရိုး ထိခိုက်မိထားတယ်။ က-လေးနဲ့ ဆိုင်ကယ်မောင်းလာတဲ့လူက ပွန်းပဲ့ဒဏ်ရာတွေရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၃) ဦးအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here