သံဖြူဇရပ်မြို့နယ်တွင် ၁၂ ဘီးကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူ ‌ေ-သဆုံး

0
204

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ဝယ်ဝင်ကရာကျေးရွာရှိ သံဖြူဇရပ်-ရေးသွားကားလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၈ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်က ၁၂ ဘီးကုန်တင်ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“မျက်မြင်တွေ့ရတဲ့အနေအထားမှာ ၁၂ ဘီးကားက သူ့လမ်းကြောပေါ်မှာပဲရှိနေတယ် နောက်ပြီး ကားကြီးခေါင်းပိုင်းရဲ့ဘယ်ဘက်ခြမ်းမှာလည်း ထိထားတယ် ဆိုင်ကယ်ကပျက်စီးနေတာကိုတွေ့ရတယ် ၁၂ ဘီးကားခေါင်းခန်းဘယ်ဘက်ခြမ်းနဲ့ဝင်တိုက်တာဖြစ်ပါလိမ့်မယ် ဆိုင်ကယ်မောင်းလာတဲ့လူက အခင်းဖြစ်နေရာမှာပဲ ခေါင်းမှာထိခိုက်ပေါက်ပြဲဒဏ်ရာနဲ့ ‌ေ-သဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ‌ေ-သဆုံးသူ၏ရုပ်အ-လောင်းအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-စေတနာရှင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here