ရန်ကုန် ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပမည်

0
265

ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်၊ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်အား ဖျော်ဖြေရေးအစီအစဥ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပရန် ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်း၌ ပြင်ဆင်နေမှုများကို အောက်တိုဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ဖျော်ဖြေရေးစင်မြင့်၊စားသောက်ဆိုင်ခန်းနှင့်ဈေးဆိုင်ခန်းများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့ပြင် ရန်ကုန် ဒု-မြို့တော်ဝန်မှလည်း ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ပန်းကွက်ဖော်နေမှုနှင့်သီတင်းကျွတ်ကာလအတွင်း အလှဆင်မီးပန်း၊သစ်ပင်များ၊မီးဆိုင်းများ၊ We Love Yangon မီးဆိုင်း ထားရှိရန်နေရာများ၊ ဖျော်ဖြေရေးစင်မြင့်၊စား သောက်ဆိုင်ခန်းနှင့်စျေးဆိုင်ခန်းများထားရှိရန် ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here