အက်တမ် (ATOM) မှ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ငွေကျပ်သန်း (၆၀) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခဲ့

0
132

အက်တမ် (ATOM) မှ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ငွေကျပ်သန်း (၆၀) တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တို့ရှိ အက်တမ် (ATOM) အသုံးပြုနေသည့် ရေဘေးသင့်ပြည်သူများအတွက် အက်တမ်အချင်းချင်းမိနစ် (၃၀) အခမဲ့ဖုန်းပြောခွင့်နှင့် ဒေတာ (၂၅၀ MB) အခ မဲ့သုံးစွဲခွင့်များလည်း အောက်တိုဘာလ ၁၁ ရက်မှ ၁၅ ရက်အထိ (၅) ရက်တာအတွင်း နေ့စဉ်အသုံး ပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

“ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ဒေသခံပြည်သူတွေအတွက် အက်တမ် (ATOM) ရဲ့ ကူညီထောက်ပံ့ပေးမှုက ရေဘေးသင့်ပြည်သူတွေအတွက် ဒီလိုခက်ခဲနေချိန်မှာ အမှန်တစ်ကယ်အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က အခြေအနေတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း လိုအပ်သလိုဆက်လက်ပေးအပ်သွားမှာပါ” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။

အက်တမ် (ATOM) မှ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၂,၀၀၀) ခန့်အတွက် အခြေခံစား သောက်ကုန်များ၊ ရေသန့်စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များကို အဓိကထား၍ လှူဒါန်းခဲ့သည်။

အက်တမ် (ATOM) မှ သြဂုတ်လအတွင်းကလည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၅၃.၈) သန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် အ ခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များကို လှူဒါန်းပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here