သဘာဝဘေးဒဏ်ကြောင့် ပဲခူးတိုင်းအတွင်းရှိ ငါးမွေးမြူရေးကန် ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ခဲ့

0
262

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၌ စံချိန်တင်ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ရာတွင် ငါးမွေးမြူရေးကန် ဧက ၂၀၀၀ ကျော်‌ရေနစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် ငါးမွေးမြူရေးကန် (၂) ခုသည် ထိခိုက်ပျက်စီးခဲ့ခြင်းမရှိခဲ့သော်လည်း ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းအများစုမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်ဆီးဆုံးရှုံးခဲ့သည့် ငါးမွေးမြူရေးကန်များအတွက် တစ်ဧကလျှင် ငါးသားပေါက် (၃) ထောင်နှုန်းနှင့် ငါးသားပေါက် (၆၆) သိန်းကို စိုက်ထည့်ပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ပဲခူးမြို့၌ စံချိန်တင်ရေနစ်မြုပ်ခဲ့မှုကြောင့် ငါးကန်များအပါအဝင် လယ်ဧက ၅၀,၀၀၀ ထက်မနည်း ပျက်စီး ဆုံးရှုံးခဲ့ရပြီး ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၂၇၀၀၀ ကျော် ရေဘေးသင့်ခဲ့ရကာ ရေဘေးကယ်ဆယ်ရေးစခန်း (၄၇) ခုဖွင့်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here