ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ရန်ကုန် ရွှေအသင်း၏ ရွှေရည်ညွှန်းဈေးပါ သိန်း (၃၀) ကျော်အထိ လိုက်တက်လာ

0
99

ဟားမက်စ် – အစ္စရေး စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး ရန်ကုန်ရွှေအသင်းက ပုံမှန်ထုတ်ပြန်ပေးနေသည့် ရွှေရည်ညွှန်းဈေးပါ သိန်း (၃၀) ကျော်အထိ လိုက်တက်လာသည်။

” သူက ကမ္ဘာ့ရွှေဈေးတက်လို့ လိုက်တက်တာပဲရှိတာ။ ကမ္ဘာ့ရွှေဈေးကလည်း စစ်ပွဲကြောင့် တက်လာတာ။ အရောင်းအဝယ်ကတော့အေးပါတယ်။ အရောင်းများတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၄၈ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၃၀၄၆၁၀၀ ကျပ်ဖြစ်ကြော င်း သိရသည်။

ထို့ပြင် ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြား ငွေလဲနှုန်း အပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ရန်ညွှန် ကြားထားသော်လည်း ရွှေဆိုင်အများစုသည် ပြင်ပပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

“သူတို့ဆီမှာ ရွှေလုပ်ရင် အပြင်ပေါက်ဈေးနဲ့ ဝယ်ရတယ်။ ပြန်ရောင်းမယ်ဆိုရင် ပြင်ပပေါက်ဈေးနဲ့ မဝယ်တော့ဘူး သူတို့က။ ဈေးနှိမ်ပြီးတော့ ဝယ်တယ်”ဟု ရွှေဝယ်ယူသူတစ်ဦးကပြောသည်။

ယနေ့ နံနက်ပိုင်း ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျင် ၃၄၅၀၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေကြောင်းလည်း သိရသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ရည်ညွှန်းဈေးနှုန်းကို အောက်တိုဘာ (၇) ရက်မှစတင်ပြီး ဗဟိုဘဏ်၏ လေလံဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here