ဗြိတိန်ဝန်ကြီးချုပ်ဆူးနက်ခ် အစ္စရေးသွားမည်

0
239

လန်ဒန်၊အောက်တိုဘာ ၁၉

ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူးနက်ခ်သည် အောက်တိုဘာ ၁၉ ရက် ကြာသပတေးနေ့တွင် အစ္စရေးသို့သွားရောက်ပြီး ဝန်ကြီးချုပ် နေတန်ယာဟုအပြင် အစ္စရေးသမ္မတ အိုက်ဇတ် ဟာဇော့နှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

မစ္စတာဆူးနက်ခ်သည် ဂါဇာမြို့တော်ဆေးရုံပေါက်ကွဲမှုကြောင့်‌ေ-သဆုံးသွားသည့် ပါလက်စတိုင်းပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်မိကြောင်းပြောကြားကာ ဒေသတွင်းပဋိပက္ခပိုမိုကြီးထွားလာမည်ကိုလည်းစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

“နှစ်ဖက်ကြားကဖြစ်ပေါ်နေတဲ့ပဋိပက္ခကြောင့် အရပ်သားပြည်သူတွေ‌ေ-သဆုံးထိခိုက်ရတာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်” ဟု ဆူးနက်ခ်၏ထုတ်ပြန်ချက်၌ပါရှိသည်။

မစ္စတာဆူးနက်ခ်အနေဖြင့် ၎င်း၏ခရီးစဉ်အတွင်း ဂါဇာသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန်အတွက် မြန်နိုင်သမျှအမြန်ဆုံးနည်းဖြင့် လမ်းကြောင်းဖွင့်ပေးရန် အစ္စရေးအားတောင်းဆိုမည်ဖြစ်ကာ ဂါဇာ၌ပိတ်မိနေသူအင်္ဂလန်နိုင်ငံသားများလွတ်မြောက်ရေးအတွက်လည်း ကြိုးပမ်းမည်ဖြစ်ကြောင်းဆိုခဲ့သည်။

အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း အင်္ဂလန်နိုင်ငံသား အနည်းဆုံး ၇ ဦး‌ေ-သဆုံးပြီး ၉ ဉီးပျောက်ဆုံးနေကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here