ဟားမတ်စ်ကို အနိုင်ယူဖို့ လနဲ့ချီကြာမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်းဆို

0
227

ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ ကို အနိုင်ယူသည်အထိ တိုက်ခိုက်ရန်မှာ လနှင့်ချီ၍ ကြာမြင့်မည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ အရေးပေါ် အစိုးရအဖွဲ့ အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz က ပြောသည်။

“အချိန်ကြာမြင့်ပါလိမ့်မယ်။ တောင်ဘက်စစ်ပွဲ၊ မြောက်ဘက် ဒါမှမဟုတ် တခြားနေရာတွေမှာလည်း လိုအပ်ရင် လနဲ့ချီကြာနိုင်ပြီး ပြန်လည်တည်ဆောက်မှုဟာလဲ နှစ်နဲ့ချီကြာလိမ့်မယ်” ဟု သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်ုပ်တို့၏ရည်မှန်းချက်သည် ဟားမတ်စ်ကိုအနိုင်ယူရန်သာမကဘဲ တောင်ဘက်ပိုင်းဟာ ရာနှုန်းပြည့်သုခဘုံဖြစ်စေရမည်ဟု ကတိပြုပေးနိုင်ရန်ဖြစ်သည်” ဟု Gantz မှပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အနိုင်ရပြီးနောက်၊ ကျွန်ုပ်တို့တိုက်ခိုက်ခဲ့သည့် မည်သည့်မျက်နှာစာတွင်မဆို ပြန်လည်တည်ဆောက်ခြင်းကို ဇောက်ချလုပ်ဆောင်သွားမည်”ဟုလည်း သူကဆိုသည်။

ပါလက်စတိုင်း ဟားမတ်စ် တပ်ဖွဲ့များသည် ဂါဇာ ကမ်းမြောင်မှ အစ္စရေး ပိုင်နက် နယ်မြေ ကို ရုတ်တရက်တိုက်ခိုက်ခဲ့သော အောက်တိုဘာ ၇ ရက် မှစတင်၍ အရှေ့အလယ်ပိုင်း၌ တင်းမာမှုများ ထပ်မံ ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်က ၎င်း၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြိုဟောင်းရှိ Al-Aqsa ဗလီတွင် အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံပြန်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆိုထားကြောင်း ကြေညာခဲ့ပြီး ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်နှင့် ဆီးရီးယားရှိ ခရိုင်အချို့ကိုလည်း တိုက်ခိုက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here