တညင်းကုန်းရပ်ကွက်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ရာ ကားခေါင်းခန်းတွင် ညပ်မိနေသူ ယာဉ်မောင်းကို ကယ်ဆယ်ခဲ့ရ

0
158

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားပြီး ယာဥ်မောင်းညပ်နေရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ပုလဲလမ်းတွင် အောက်တိုဘာ ၁၉ ရက် ည ၆ နာရီ ၅ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် ညပ်မိနေသူ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ည ၆ နာရီ ၂၀ မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါ ဒဏ်ရာရ လူနာအား ပြန်လည်ရှင်သန်ရေးပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၈ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခ‌ရေပင်လမ်း တညင်းကုန်းလမ်းဆုံအကျော်တွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ခဲ့သေးကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here