ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးသင်တန်းဖွင့်လှစ်

0
122

ဘာသာရပ်အမျိုးအစား(၁၁)မျိုးကို ဆွေးနွေးပို့ချသွားမည့်သင်တန်းတခုဖြစ်သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအား အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်သည်ဟု ပြောသည်။

သင်တန်းတွင် ဘာသာရပ်အမျိုးအစား(၁၁)မျိုးကို သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက ဆွေးနွေးပို့ချမည်ဖြစ်ကာ သင်တန်းသဘောမျိုးမ ဟုတ်ဘဲအပြန်အလှန် အတွေ့အကြုံဖလှယ်သည့် ဆွေးနွေးပွဲဖြစ်သည်ဟု ပြောသည်။

သင်တန်းအား ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထဲ ရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ဥပဒေရေးရာဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံအမျိုးသားလူ့အ ခွင့်အရေးကော်မရှင်တို့မှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here