​မြောက်ဒဂုံ၌ ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်းတည် ဆောက်မည်

0
298

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊အမှတ်(၃၄)တိုးချဲ့ရပ်ကွက်၊မြေကွက်အမှတ်(F-6/B)ရှိ မြေ ၁ ဒသမ ၂၅ ဧကပေါ်တွင် ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်းတည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်းဆောက်လုပ်ရန်နှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးအား အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergiy မှ အောက်တိုဘာ ၁၉ ရက်နံနက် ၁၁ နာရီက လာရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ဘုန်းတော်ကြီး His Eminence Metropolitan Sergiy မှ ရုရှားအော်သိုဒေါ့ဘုရားကျောင်းဆောက်လုပ်ရေးအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံ ချစ်ကြည်ရင်းနှီးမှု(၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ ရုရှားအော်သိုဒေါ့ခရစ်ယာန်ဘုရားကျောင်းတည်ဆောက်ရန် အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ရေရရှိရေး၊လျှပ်စစ်ဓာတ်အားရရှိရေးတို့ကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှလည်း လိုအပ်သည်များပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်​ကြောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here