အရှေ့အလယ်ပိုင်းမူဝါဒကို တရုတ်နှင့် ပူးပေါင်းဆောင်ရွက်နေဟု ရုရှားဆို

0
182

မော်စကို၊အောက်တိုဘာ ၂၀

ရုရှားသည် အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ တရုတ်နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။

ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီးသည် အရှေ့အလယ်ပိုင်းဆိုင်ရာတရုတ်အထူးသံတမန်တစ်ဦးဖြစ်သူ မစ္စတာဇိုင်ဂျွန်နှင့်တွေ့ဆုံခဲ့ပြီး အစ္စရေး – ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

အစ္စရေး – ပါလက်စတိုင်းအရေး၌ ရုရှားသည်၎င်းအနေဖြင့် ကြားဝင်စေ့စပ်ပေးနိုင်ကြောင်းယုံကြည်ထားသည်ဟုလည်းဆိုခဲ့သည်။ရုရှားသည် ၎င်းနှင့်စစ်ဖြစ်နေသည့် ယူကရိန်း၏အဓိကမဟာမိတ်ဖြစ်သော အမေရိကသည် အစ္စရေးဘက်မှရပ်တည်နေခြင်းကိုလည်း ပြစ်တင်ရှုံ့ချခဲ့သည်။

ဓ-ားစာခံများလွှတ်ပေးရေး၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ရောက်ခွင့်နှင့် လိုအပ်နေသည့်အရပ်သားများကို ဘေးကင်းစွာရွှေ့ပြောင်းပေးရေးတို့နှင့်အတူ ဂါဇာ၌လူသားချင်းစာနာမှုအရ အပစ်အခတ်ရပ်စဲရေး အဆိုကို ရုရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တနင်္လာနေ့ကတင်ပြခဲ့‌သော်လည်းမအောင်မြင်ခဲ့ပေ။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here