တာမွေရှိ ၈ လွှာတိုက်ခန်း၏ အပေါ်ဆုံးထပ်နေ အမျိုးသမီး ၂ ဦးအသ-တ်ခံရ

0
756

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ကျားကွက်သစ်ရပ်ကွက်၊ဓမ္မစိန္တာလမ်းရှိ ၈ လွှာတိုက်ခန်း၏ အပေါ်ဆုံးထပ်တွင်နေထိုင်သည့် အမျိုးသမီး ၂ ဦး အောက်တိုဘာ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက အသ-တ်ခံခဲ့ရကြောင်း တာမွေမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

“ကျောင်းဆရာမတစ်ယောက်နဲ့ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ယောက်လို့ သိရတယ် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးကို သူ့အကိုက ရုံးမလာတဲ့အတွက် ဖုန်းဆက်ကြည့်တာမှာဖုန်းမကိုင်တော့ လာကြည့်တော့မှ အသ-တ်ခံထားရတာကိုတွေ့တာ ထို-းသွင်းပြ-တ်ရှဒဏ်ရာတွေနဲ့‌ေ-သဆုံးနေတာပါ အိမ်ထဲကပစ္စည်းတစ်ချို့လည်းပျောက်နေတယ်လို့ သိရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့်တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်၍ အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထို-းသွင်း၊ပြ-တ်ရှဒဏ်ရာများဖြင့်‌ေ-သဆုံးနေသည့် အမျိုးသမီး ၂ ဦး၏ရုပ်အ-လေ-ာင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here