အိန္ဒိယနိုင်ငံ၌ နှစ်ရှည်အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၅၇ ဦးကို သီတဂူဆရာတော်ကြီးမှကယ်တင်ကာ မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

0
328

အိန္ဒိယနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ၂ နှစ်မှ ၁၀ နှစ်အထိ နှစ်ရှည်အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၅၇ ဦးကို သီတဂူဆရာတော်ကြီးမှကယ်တင်ကာ အောက်တိုဘာ ၁၉ ရက်က အိန္ဒိယနိုင်ငံ Port Blair ကျွန်းမှတဆင့် မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ခေါ်ဆောင်ရာ၌ နှစ်နိုင်ငံတာဝန်ရှိသူများ၏ ကူညီပေးမှုဖြင့် သီတဂူဆရာတော်ကြီးမှ မြန်မာနိုင်ငံသား ၅၇ ဦးလုံးအတွက် ခရီးစရိတ်ကျသင့်ငွေအားလုံးကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးမှ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၅၇ ဦးအား နေရပ်အသီးသီးသို့ပြန်ရာ၌ အဆင်ပြေစေရန် လမ်းစရိတ်နှင့်ညစာလှူဒါန်းပေးခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း တည်းခိုရေးနှင့်ပြန်လည်ပို့ဆောင်ရေးတို့အတွက်ပါဝင်လှုဒါန်းခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးသည် သီရိလင်္ကာ၊အိန္ဒိယနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင်အကြောင်းအမျိုးမျိုးဖြင့်အကျဉ်းကျခံနေရသောမြန်မာအကျဉ်းသားများလွတ်မြောက်ရန် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းသား ၂၀၀၀ ကျော်ခန့်ကိုတာဝန်ရှိသူများနှင့်ပူပေါင်းကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။

Photo-သီတဂူအောင်သန်းဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here