သမိုင်းထဲက အောက်တိုဘာ ၂၁

0
235

၁၇၇၂ – ကဗျာဆရာကြီး ဆင်မြူယယ်တေလာကိုးလ်ရစ်ချ်ကို ဒီဗွန်မြို့မှာ မွေးဖွားခဲ့တယ်။

၁၈၅၄ – ဖလောရင့်စ် နိုက်တင်ဂေးဟာ တခြားသူနာပြု ၃၈ ဦးနဲ့အတူ ကရိုင်းမီးယားစစ်မြေပြင်ကို စေလွှတ်ခြင်းခံခဲ့ရတယ်။

၁၉၁၇ – အမေရိကန်စစ်တပ်တွေဟာ ပထမကမ္ဘာစစ်ထဲကို ဝင်ရောက်လာကြတယ်။

၁၉၃၈ – ဂျပန်တပ်တွေက ကန်တုန်ကိုသိမ်းပိုက်လိုက်ကြတယ်။

၁၉၄၅ – ပြင်သစ်မှာ အမျိုးသမီးတွေ မဲဆန္ဒပေးခွင့် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့တယ်။

၁၉၄၈ – နျူလက်နက်တွေဖျက်သိမ်းဖို့ ရုရှားနိုင်ငံတင်သွင်းတဲ့အဆိုကို ကုလသမဂ္ဂက ပယ်ချလိုက်တယ်။

၁၉၆၀ – ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော HMS Dreadnought တပ်တော်ဝင်ခဲ့တယ်။

၁၉၆၇ – ဗီယက်နမ်စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ သောင်းချီပြီး ပင်တဂွန်စစ်ဌာနချုပ်ဆီကို ချီတက်ဆန္ဒပြခဲ့ကြတယ်။

၁၉၈၀ – မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ ဆိုဗီယက် ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။

၂၀၁၃ – အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာလာလာယူဆွပ်ဖ်ဇိုင်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ကနေဒါနိုင်ငံက ဂုဏ်ပြုခဲ့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here