ဆူးလေစေတီတော်မြတ်ကြီး၏ ဆဌမအကြိမ်အလှူငွေပေးအပ်ပွဲတွင် အလှူရှင် ၈၇ ဦးမှငွေကျပ်သိန်း ၁၉၀၀ ကျော်အားလှူဒါန်းခဲ့ကြ

0
133

ရန်ကုန်မြို့လည်ရှိ ဆူးလေစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊စေတီတော်လုံးတော်ပြည့်နှင့်အရံစေတီတော်များအား ရွှေစင်ရွှေပြားနှင့်မျက်ပါးရွှေသင်္ကန်းတော်များကပ်လှူပူဇော်နိုင်ရန် ဆဌမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲ၌ အလှူရှင် ၈၇ ဦးမှ အလှူငွေကျပ်သိန်း ၁၉၀၀ ကျော်အား လှူဒါန်းခဲ့ကြသည်။

အလှူငွေပေးအပ်လှူဒါန်းပွဲအား အောက်တိုဘာ ၁၉ ရက်နံနက် ၉ နာရီက ဆူးလေစေတီတော်ရှိ ကျက်သရေဆောင်ခန်းမ၌ကျင်းပရာ ဆူးလေစေတီတော် ရွှေထီးတော်၊စေတီတော်လုံးတော်ပြည့်နှင့်အရံစေတီတော်များအား ရွှေစင်၊ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များကပ်လှူပူဇော်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ YCDC အတွင်းရေးမှူးဦးညွန့်ဖေနှင့်ဂေါပကအဖွဲ့ဝင်များတက်ရောက်၍ လက်ခံရယူခဲ့ကြသည်။

အလှူငွေများပေးအပ်လှူဒါန်းရာ၌ အရံစေတီ ၁ ဆူအတွက် အလှူရှင်ဦးဌေးရင်မိသားစုနှင့်ဦးကိုကိုကြီးမိသားစုတို့က လှူဒါန်းငွေကျပ် ၁၁၈ သိန်း၊လှိုဏ်ဂူအလှူရှင် ၈ ဦးက လှူဒါန်းငွေကျပ် ၁၀၂ သိန်း၊ရွှေစင်ရွှေပြား ၂၉ ချပ်အတွက်အလှူရှင် ၂၂ ဦးကလှူဒါန်းငွေကျပ် ၇၀၅ သိန်းတို့က အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် အလှူငွေကျပ် ၁၀ သိန်းအထက်အလှူရှင် ၄ ဦး၊ အလှူငွေကျပ် ၅ သိန်းအထက် အလှူရှင် ၁၀ ဦး၊ ရွှေထည်/ကျောက်ထည်အလှူရှင် ၁၂ ဦး၊ အထွေထွေပြုပြင်မွမ်းမံ အလှူရှင် ၆ ဦး၊ အထွေထွေအလှူရှင် ၄ ဦး၊ သွပ်မိုးအလှူရှင် ၂၀ ဦးတို့မှလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here