စိန့်ပီတာစဘတ်မြို့တွင် မြန်မာယဉ်ကျေးမှုစင်တာဆောက်လုပ်ရန် မြေနေရာရရှိရေး အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီးဆောင်ရွက်ပေးနေ

0
205

ရုရှားနိုင်ငံ၊စိန့်ပီတာစဘတ်မြို့တွင် မြန်မာယဉ်ကျေးမှုစင်တာဆောက်လုပ်ရန် မြေနေရာရရှိရေးအတွက် အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီးမှ ဆောင်ရွက်ပေးလျက်ရှိသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးထွန်းနှင့်ရုရှားနိုင်ငံ၊အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergyi တို့ အောက်တိုဘာ ၂၀ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင်ဆောက်လုပ်မည့် ရုရှားအော်သိုဒေါ့ဘုရားကျောင်းအဆောက်အဦး ဆောက်လုပ်ရန်၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာယဉ်ကျေးမှုစင်တာအတွက် မြေနေရာရရှိရန် ဆောင်ရွက်ပေးနေမှု၊မြန်မာ-ရုရှားနှစ်နိုင်ငံကြား ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊သာသနာရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒု-ပါမောက္ခချုပ်(စီမံ)၊ရန်ကုန်တိုင်း သာသနာရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here