ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီး မြေပြိုကျမှု ထပ်မံဖြစ်ပွား ၃ ဦး ဒဏ်ရာရ ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေ

0
240

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်ဟောင်းတွင် အောက်တိုဘာ ၂၀ ရက် နေ့လည် ၂ နာရီခန့်က မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရကြောင်း မြင့်မြတ်သူလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ မြေပြိုကျမှု ဖြစ်ပွားသည့် နေရာမှာ ကျောက်လုပ်ကွက်ဟောင်းဖြစ်ပြီး အမြင့်ပေ ၅၀ အထက်ရှိနေကာ မြေပြိုကျမှုကြောင့် ရေမဆေး လုပ်သား ၃ ဦး ဒဏ်ရာရကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ကနဦး သတင်းများအရ သိရသည်။

မြေပြိုကျမှု အောက်ခြေတွင် ကျောက်တူးဖော်သည့် အဖွဲ့ ၅ ဖွဲ့ထက် မနည်းရှိနေကြောင်းနှင့် အမျိုးသား ၃ ဦးကို ကယ်ဆယ်ခဲ့ပြီး ညနေပိုင်းတွင် ရှာဖွေမှု ရပ်ဆိုင်းခဲ့ရကြောင်း မြင့်မြတ်သူလူမှုကယ်ဆယ်ရေးအသင်းက ပြောဆိုသည်။

လက်ရှိ မြေပြို လူ‌ေ-သဆုံးမှု ဖြစ်ပွားသည့်နေရာနှင့် ကပ်လျက်တွင် လွန်ခဲ့သည့် ၂ ရက်၊ အောက်တိုဘာ ၁၈ ရက် ညပိုင်းကလည်း မြေပြိုကျမှု ဖြစ်ပွားခဲ့သေးပြီး ၁ ဦး ‌ေ-သဆုံးကာ၊ ၂ ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင်လည်း သြဂုတ် ၁၃ ရက်က မြေပြိုကျမှုဖြစ်ပွားရာ ၃၆ ဦး ပျောက်ဆုံးခဲ့ရပြီး ၃၃ ဦး၏ အလေ-ာင်းများ အားလုံး ပြန်လည် တူးဖော်နိုင်ခဲ့ကာ ပိုင်ရှင်ထံ အပ်နှံပေးခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here