EV Pilot Project ကာလအတွင်း ၇၅ ရာခိုင်နှုန်း ခရီးရောက်နေပြီဟုဆို

0
282

ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး ကနဦး ရှေးပြေးစီမံကိန်း (Pilot Project) ကာလအတွင်း EV ကားဖော်ဆောင်မှု ၇၅ ရာခိုင်နှုန်းအထိ ခရီးရောက်နေပြီဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ဖြန့်ဖြူးရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ ဒီဇင်ဘာ (၃၁)ရက်အထိ EV Pilot Project ကာလကို သတ်မှတ်ထားခြင်းဖြစ်သည်။

” ၇၅ ရာခိုင်နှုန်းလောက်ဖော်ဆောင်ပြီးပြီလို့မြင်တယ်။တော်တော်လေးခရီးရောက်နေပြီ။ လက်ရှိမှာလည်း ကားတင်သွင်းခွင့်နဲ့ပတ်သက်ပြီး လုပ်ငန်းသုံးတစ်မျိုးတည်းကိုသာ ခွင့်ပြုထားတာ။ EV ကိုအဓိကတင်သွင်းနေတာဆိုတော့။ EV ရဲ့သွားတဲ့နှုန်းထားက တော်တော်လေး တာရောက်နေပါပြီ”ဟု၎င်းကဆိုသည်။

လက်ရှိတွင် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တစ်ရက်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် လျှပ်စစ်ကား(EV)နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်အပေါ် ကနဦးရှေ့ပြေးစီမံကိန်းကာလအဖြစ် ၂၀၂၃ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ အားသွင်းရုံ (၇)ရုံနှင့် နေပြည်တော်တွင်(၇)ရုံအပါအဝင် EV ကား အားသွင်းရုံ(၃၈)ရုံအတွက် အားသွင်းစက် (၅၁)လုံးကို တပ်ဆင်ရန်ခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် တစ်နှစ်လျှင် EV အစီးရေ တစ်သောင်းဝန်းကျင်ကိုသာ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here