မလေး​ရောက် မြန်မာတစ်ဦး အသက်ရှူမဝဖြစ်လာရာမှဆေးရုံသို့ပို့ဆောင်စဥ် ‌ေ-သဆုံးသွားခဲ့

0
307

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုလှမြင့်ဌေး(၂၀)နှစ်သည် အောက်တိုဘာ ၁၈ ရက်က အသက်ရှူမဝ၍ ဆေးရုံသို့ပို့ဆောင်စဥ် ‌ေ-သဆုံးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုလှမြင့်ဌေးအား ၎င်းနေထိုင်သည့် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊သမ္မာန်ရှမ်မလင်းရပ်ကွက်ရှိ နေအိမ်မှတဆင့် အမ်ပန်းမြို့ဆေးရုံကြီးသို့ ပို့ဆောင်စဥ် ‌ေ-သဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကိုလှမြင့်ဌေး၏ရုပ်အလေ-ာင်းအား အောက်တိုဘာ ၂၂ ရက်နံနက် ၁၀ နာရီ၌ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ရှိ ချဲရပ်သုဿန်ဂျလန်ကွာလီတွင်ရှိသော မီးသဂြိုလ်သွားမည်ဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုလှမြင့်ဌေးသည် မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here