အောက်တိုဘာ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်ကြီးအား လုံး၏မြစ်ရေများလက်ရှိရေမှတ်များအောက်ကျဆင်းနိုင်

0
202

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးအားလုံး၏မြစ်ရေများ အောက်တိုဘာ တတိယ (၁၀)ရက်ပတ်အတွင်း၌ လက်ရှိရေမှတ်များအောက်သို့ ကျဆင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၂၁ ရက်(ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ရွှေကူမြို့နှင့်ကသာမြို့တို့တွင် (၃)ပေမှ(၄)ပေခန့်၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့၊မြင်းမူမြို့၊ပခုက္ကူမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် (၅)ပေမှ(၇)ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့်မုံရွာမြို့တို့တွင် (၃)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း သိရသည်။

ထို့အတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၃) ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ရွှေစာရံနှင့်မြစ်ငယ်မြို့တို့တွင် (၂)ပေမှ(၆)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့တို့တွင် (၄)ပေမှ(၅)ပေခန့်၊ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့်ပဲခူးမြို့တို့တွင် (၁)ပေမှ(၃)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့်ပုသိမ်မြို့တို့တွင် (၁)ပေခွဲမှ (၂)ပေခွဲခန့် လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း သိရသည်။

ထို့ပြင် တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့်ကျောက်တော်မြို့တို့တွင် ပေဝက်မှ(၂)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့်ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂) ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း မိုးဇလကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here