နေပြည်တော် တပ်ကုန်း၌ မီးစက်နှိုးရာမှ ဝါယာရှော့ဖြစ်ကာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

0
160

နေပြည်တော်၊တပ်ကုန်းမြို့နယ်၊မြဝတီရပ်ကွက်၊စည်ပင်လမ်းရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် အောက်တိုဘာ ၂၁ ရက်ညပိုင်းက မီးစက်နှိုး၍ မီးထွန်းရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၆ နာရီ ၄၅ မိနစ်ခန့်က တပ်ကုန်းမြို့နယ်၊မြဝတီရပ်ကွက်၊စည်ပင်လမ်းရှိ နေအိမ်တစ်လုံးတွင် မီးပျက်နေချိန်၌ မီးစက်နှိုး၍မီးထွန်းစဥ် နေအိမ်အပေါ်ထပ်မှဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့သဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ည ၇ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား ၂၂ ပေ၊ အနံ ၁၅ ပေရှိ အောက်ထပ်အုတ်ခင်း/အုတ်ကာ၊ အပေါ်ထပ် ဝါးထရံကာ၊ သွပ်မိုး ၂ ထပ်နေအိမ်၏ ကာထားသည့် ဝါးထရံနှင့်အိပ်ယာတို့မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here