သမိုင်းထဲက အောက်တိုဘာ ၂၂

0
400

၁၇၉၇ – ပြင်သစ်နိုင်ငံက အင်ဒရေ ဂျက်စ် ဂါနာရင်ဟာ ပါရီမြို့ပေါ်ပျံသန်းနေတဲ့ မိုးပျံပူဖေါင်းတစ်ခုကနေ ပထမဆုံး လေထီးနဲ့ ခုန်ချပြခဲ့တယ်။

၁၈၇၉ – သောမတ်စ် အယ်ဒီဆင်ဟာ သူတီထွင်ထားတဲ့ လျှပ်စစ်မီးလုံးတွေမှာ ကာဘွန်ဓာတ်ပြုထားတဲ့ချည်မျှင်မီးဇာတွေကို ထည့်သွင်းအသုံးပြုနိုင်ခဲ့တယ်။

၁၈၉၇ – ကမ္ဘာ့ပထမဆုံး ကားအရောင်းဆိုင်ကို လန်ဒန်မှာ ဖွင့်လှစ်ခဲ့တယ်။

၁၉၃၆ – အမေရိကန်ပြည်ထောင်စုကနေ ဟာဝိုင်ယီကို ပထမဆုံး စီးပွားဖြစ်လေကြောင်းလိုင်း စတင်ပြေးဆွဲခဲ့တယ်။

၁၉၅၃ – လာအိုနိုင်ငံဟာ ပြင်သစ်ထံကနေ အပြည့်အ၀ လွတ်လပ်ရေးရရှိခဲ့တယ်။

၁၉၅၄ – အနောက်ဂျာမနီဟာ နေတိုး စစ်အုပ်စုနဲ့ ပူးပေါင်းခဲ့တယ်။

၁၉၆၄ – ပြင်သစ်ဒဿနပညာရှင်/စာရေးဆရာ ယန်းပေါလ်ဆာ့တ်ဟာ သူ့ကိုချီးမြှင့်လာတဲ့ စာပေနိုဘယ်ဆုကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။

၁၉၇၅ – ဆိုဗီယက်နိုင်ငံရဲ့ Venera 9 အာကာသယာဉ်ဟာ သောကြာဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်ခဲ့တယ်။ ဒါဟာ လူလုပ်ယာဉ်တစ်စင်း သောကြာဂြိုဟ်ပေါ် ပထမဆုံး ဆင်းသက်ခဲ့တာဖြစ်တယ်။

၂၀၀၉ – မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာ Windows 7 ကို စတင်ထုတ်လုပ်ဖြန့်ချိခဲ့တယ်။

၂၀၂၂ – အီတလီနိုင်ငံမှာ ညွန့်ပေါင်း အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here