Hijet ကားမှရပ်ထားသည့်တွဲကား၏နောက်ပိုင်းကိုဝင်တိုက် ကလေ-းတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့မှု မော်လမြိုင်မြို့အထွက်တွင်ဖြစ်ပွား

0
297

မွန်ပြည်နယ်၊မော်လမြိုင်မြို့အထွက်တွင် အောက်တိုဘာ ၂၁ ရက်ည ၇ နာရီခွဲခန့်က Hijet ကားမှရပ်ထားသည့်တွဲကား၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ကြောင်း အကြင်နာတွဲလက်လူ မှုကူညီရေးအသင်းမှ သိရသည်။

“မော်လမြိုင်မြို့အထွက်က စည်ပင်ဂိတ်နားမှာ ရပ်ထားတဲ့တွဲကားကို Hijet ကဝင်တိုက်မိတာ က-လေး ၁ ယောက်ရယ် အမျိုးသား ၂ ယောက်ရယ် အမျိုးသမီး ၃ ယောက်ရယ် အားလုံးပေါင်း ၆ ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရဒဏ်ရာတွေပါပဲ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရခဲ့သူ ၆ ဦးအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-အကြင်နာတွဲလက်


LEAVE A REPLY

Please enter your comment!
Please enter your name here