၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၅၀)​စျေးပြိုင်ဖြင့် ရောင်းချခဲ့ရ

0
197

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ခင်းကျင်းပြသလျက်ရှိသည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၏ ဒုတိယနေ့ဖြစ်သော အောက်တိုဘာ (၂၁) ရက်တွင် ပုလဲအတွဲပေါင်း (၁၅၀) ကိုရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၁၅၀) အထိအား ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကကြည့်ရှုစစ်ဆေးကာ ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းထည့်သွင်းခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁)ကို နေ့လယ် (၁) နာရီ၊ တင်ဒါအမှတ် (၂)ကို ညနေ (၅) နာရီတွင် ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း (၁၅၀) အား ရောင်းချရကြောင်း ကြေညာခဲ့သည်။

ယနေ့ အောက်တိုဘာ (၂၂) ရက်တွင်လည်း ပြပွဲတတိယနေ့အဖြစ် ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း (၃၀၀) အနက်ကျန်ရှိသည့် ပုလဲအတွဲအမှတ် (၁၅၁) မှအတွဲအမှတ် (၃၀၀) အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပရတနာကုန်သည်များအား ရောင်းချပေးသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပနိုင်ငံ (၄) နိုင်ငံမှ ရတနာကုန်သည်များ ပိုမိုလာရောက်၍ ယှဉ်ပြိုင်ဝယ်ယူမှုများပြားရာ ပုလဲအတွဲများကို ဈေးနှုန်းပိုမိုရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ 

ပြပွဲတွင် ပုလဲအတွဲ ၃၀၀၊ ကျောက်မျက်အတွဲ ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ (စုစုပေါင်း ကျောက်စိမ်း အတွဲ (၄၀၄၅)ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here