မလေးရှားနိုင်ငံ၌ မြန်မာမိသားစုများ၏ ညခင်းတရားပွဲအလှူတော်အောင်ပွဲကျင်းပ
မလေးရှားနိုင်ငံ၊ပါဟန်းပြည်နယ်၊တမလို့မြို့ရှိ မြန်မာနိုင်ငံသားရော်ဘာခြံမိသားစုများ၏ သီတင်းကျွတ်လပြည့်နေ့အကြိုညခင်းတရားပွဲအလှူအား အောက်တိုဘာ (၂၁) ရက်ညပိုင်းက ကျင်းပခဲ့ကြပြီးနောက် ယနေ့အောက်တိုဘာ (၂၂) ရက် နံနက်ပိုင်းတွင် တရားပွဲအလှူအောင်ပွဲအား ဆင်ယင်ကျင်းပခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအား ကြည်နူးသဒ္ဒါပွားများနိုင်ကြပါစေရန်ရည်သန်၍ စုစည်းဖော်ပြလိုက်ရပါသည်။
(တရားအလှူပွဲသို့ လာရောက်တရားနာယူသည့် ဧည့်ပရိသတ်များအား မလေးရှားနိုင်ငံ၊ ဘလက်ကောင်းမြို့ရှိ သာသနာ့အောင်စည်ကျောင်းထိုင် ဆရာတော်ဦးအာဒိစ္စ မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူခဲ့သည်။)
Photo-မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)