တစ်ပါတ်အတွင်း စက်သုံးဆီဈေးနှုန်း အပြောင်းအလဲမရှိဘဲ ဈေးငြိမ်နေ

0
125

အောက်တိုဘာ (၁၆) ရက်မှ (၂၂) ရက်အထိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အပြောင်းအလဲမရှိဘဲ တစ်လီတာ ၂၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ ဖော်ပြထားသည့် ဈေးနှုန်းအရ သိရသည်။

ယခုအောက်တိုဘာလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အတတ်/အကျ မတည်ငြိမ်နေခြင်းဖြစ်ပြီး (၁၆) ရက်မှ စတင်ကာ ၉၂ တစ်လီတာ ၂၀၁၅ ကျပ်၊ ၉၅ တစ်လီတာ ၂၁၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၅၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၇၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

” ဆီဈေးကတော့ မမှန်ဘူး။ သူတို့အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီက ဈေးနှုန်းကို တစ်ပါတ်စီ သတ်မှတ်ပေးမယ်လို့ကြားတယ်။ အခုဒီတစ်ပါတ်အတွက်က ဒီဈေးဆိုရင် နောက်တစ်ပါတ်လောက်မှပြောင်းမယ်ပေါ့။ ဆီကလည်း ဈေးပြန်တတ်တော့ ပြန်တော့ဝယ်လို့ရနေသေးတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုလှိုင်ဝင်းက ပြောသည်။

ယခင် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို အောက်တိုဘာ (၁၃) ရက်တွင် အမိန်ကြော်ငြာစာအမှတ် ၆၈/၂၀၂၃ ဖြင့်ဖျက်သိမ်းခဲ့ပြီး အဆိုပါနေ့တွင်ပင် ၀၀၁/၂၀၂၃ ဖြင့် အသစ်ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြဌာနမှ သိရသည်။

ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းကိုင်တွယ်ဆောင်ရွက်နိုင်ရေး၊တင်သွင်းလာသည့် စက်သုံးဆီများအရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ကွပ်ကဲခြင်းများပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်ရာ Stake Holder များပါဝင်သည့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here