တာချီလိတ်မြို့တွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦး ညောင်ပင်အောက်၌ ‌ေ-သဆုံးနေ

0
148

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် အောက်တိုဘာ (၂၂) ရက် နေ့လယ် (၁) နာရီခွဲခန့်က အိမ်ခြေမဲ့အမျိုးသားတစ်ဦးဖြစ်သော ဦးဆမ်လျှဲန်း (၅၄)နှစ်သည် ညောင်ပင်အောက်၌‌ေ-သဆုံးသွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ သိရသည်။

“ညောင်ပင်အောက်မှာ ‌ေ-သဆုံးနေတဲ့လူက အိမ်ခြေမဲ့အမျိုးသားတစ်ယောက်ပါ။ အအေးမိပြီး‌ေ-သဆုံးနေတာပါ။ ပြင်ပဒဏ်ရာမရှိပါဘူး။ တာဝန်ရှိတဲ့လူတွေလာပြီး စစ်ဆေးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

‌ေ-သဆုံးသူ အမျိုးသား၏ ရုပ်အလေ-ာင်းအား တာဝန်ရှိသူများက စစ်ဆေးမှုပြီးနောက် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သယ်ယူကာ မြို့မကျောက်တောင်သုသာန်တွင် မီးသင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here