အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ

0
262

အီရတ်နိုင်ငံအနောက်ပိုင်းရှိ အမေရိကန်နှင့် အခြားနိုင်ငံအချို့၏ စစ်အခြေစိုက်စခန်းများကို လက်ခံရာ Ain Al-Asad လေတပ်စခန်းကို ပစ်မှတ်ထားကာ Katyusha ဒုံးကျည်များဖြင့် ယနေ့ပစ်ခတ်တိုက်ခိုက်ခြင်းခံရသဖြင့် အခြေစိုက်စခန်းအတွင်း ဒုံးကျည်ကျရောက်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် နှစ်ခုက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားထားသည်။

စနေနေ့ကလည်း Ain Al-Asad လေတပ်စခန်းအနီး ပျံသန်းလာသည့် ဒရုန်းနှစ်စင်းကို လေကြောင်းကာကွယ်ရေးစနစ်များက ကြားဖြတ်ပ-စ်ခ-တ်ခဲ့ရသေးသည်။

Ain Al-Asad လေတပ်စခန်းသည် အီရတ်နိုင်ငံအနောက်ပိုင်း Anbar ပြည်နယ်တွင်တည်ရှိသည်။

အခြားအချက်အလက်အသေးစိတ်ကို မသိရသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here