အလိမ်ခံရသည့်ထိုင်းလုပ်သားများအား ထိုင်းနှင့်မြန်မာပူးပေါင်းကာနေရပ်ပြန်ပို့မည်

0
202

ဘန်ကောက်၊အောက်တိုဘာ ၂၂

အွန်လိုင်းဂိုဏ်းတစ်ခု၏လိမ်လည်မှုကြောင့် မြန်မာ – တရုတ်နယ်စပ် လောက်ကိုင်မြို့၌ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား အယောက် ၁၂၀ အား နေရပ်ပြန်ပို့နိုင်ရန် ထိုင်းနှင့်မြန်မာအာဏာပိုင်များပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါအဖွဲ့တွင် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၃၀ ဦးပါဝင်ကြောင်းသိရသည်။ ၎င်းတို့သည် တရုတ်နယ်စပ် လောက်ကိုင်မြို့၌ ဝင်ငွေကောင်းကောင်းဖြင့်အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းခံရသူများဖြစ်ကြောင်းသိရသည်။

၎င်းတို့၏အလုပ်အကိုင်အတိအကျကိုမူထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ရန်ကုန်ရှိ ထိုင်းသံတမန်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စနေနေ့ကဆက်သွယ်ခဲ့ပြီးမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ် လောက်ကိုင်မြို့၏ လူဝင်မှုကြီးကြပ်ရေးရုံးအပါအဝင်အခြားမြန်မာအေဂျင်စီများနှင့်ပါပူးပေါင်း၍ ထိုင်း နိုင်ငံသားများ ဘေးကင်းရာရွှေ့ပြောင်းနိုင်ရေး အတွက်ဆောင်ရွက်ခဲ့ကြောင်း KhaoSod သတင်းဌာနကဖော်ပြခဲ့သည်။

စနေနေ့ည ၉ နာရီတွင် လောက်ကိုင်မြို့ရှိထိုင်းနိုင်ငံသား စုစုပေါင်း ၁၂၀ ဦးအား ခေါ်ထုတ်လာနိုင်ခဲ့ကြောင်း ထိုင်းသံရုံးမှအတည်ပြုခဲ့ပြီး မြန်မာစစ်တပ်မှ ၎င်းတို့အား နေရာထိုင်ခင်းနှင့် အစားအသောက်များစီစဉ်ပေးခဲ့သည်ဟုလည်းသိရသည်။

ယခုပြန်လည်ခေါ်ယူလာနိုင်သောထိုင်းနိုင်ငံသားများအား ရန်ကုန်မှတစ်ဆင့်လေကြောင်းဖြင့်သော်လည်းကောင်း၊တာချီလိတ်မှတစ်ဆင့် ချင်းရိုင်ရှိမယ်ဆိုင်ဒေသသို့ကုန်းလမ်းဖြင့်လည်းကောင်း နေရပ်ပြန်နိုင်ရန်စီစဉ်ပေးသွားမည်ဟုလည်းဆိုခဲ့သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here