အိန္ဒိယ၌ မျောက်တစ်ကောင်သည် ၎င်းအားအစာကျွေးသူ၏နာရေးသို့ ကီလိုမီတာ ၄၀ ရှိသည့်နေရာမှလာရောက်ခဲ့ဟုဆို

0
244

အူတရာပရာဒက်ရှ်၊အောက်တိုဘာ ၂၂

အိန္ဒိယနိုင်ငံ၌ မျောက်တစ်ကောင်သည် ၎င်းအားအစာကျွေးဖူးသူ ကျေးဇူးရှင်အမျိုးသား၏ ဈာပနသို့ ကီလိုမီတာ ၄၀ ကျော်ဝေးသည့်နေရာမှ အရောက်လာခဲ့ပြီး အဆိုပါအမျိုးသားရုပ်အလောင်းအားဖက်ကာ မျက်ရည်ကျနေသည့်စိတ်ထိခိုက်ဖွယ်ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့လာခဲ့သည်။

အဆိုပါဗီဒီယိုအား အိန္ဒိယနိုင်ငံ၊အူတရာပရာဒက်ရှ်ပြည်နယ်၊အမ်ရိုဟာမြို့ရှိနာရေးတစ်ခုတွင်ရိုက်ကူးခဲ့ခြင်းဖြစ်ကာ အဆိုပါဗီဒီယိုထဲ၌ မျောက်တစ်ကောင်သည် ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအားဖက်ထားပြီး ကျန်မိသားစုဝင်များကဲ့သို့ပင်ဝမ်းနည်းပုံပေါ်နေသည်ကိုတွေ့ရသည်။

ကွယ်လွန်သူအမျိုးသားသည် ၎င်းမ‌ေ-သဆုံးမီအချိန်က အဆိုပါမျောက်အားအစာကျွေးလေ့ရှိပြီး နှစ်ဦးသားနေ့စဉ်ဆော့ကစားသည်အထိ ရင်းနှီးခဲ့ကြကြောင်းလည်းမီဒီယာတစ်ခု၌ဖော်ပြထားသည်။

ယခုဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တွင်တင်လိုက်ပြီးနောက် လူအများစုသည် အဆိုပါမျောက်၏ သံယောဇဉ်ကြီးမားပုံနှင့် ဝမ်းနည်းတတ်ပုံအပေါ်အံ့အားသင့်ခဲ့ကြသော်လည်း အချို့ကမူ မျောက်များသည်ယင်းသို့သောအပြုအမူများကိုလုပ်တတ်သည်ကအထူးအဆန်းမဟုတ်ကြောင်းမှတ်ချက်ပြုခဲ့ကြသည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here